ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ The Thai Pakdee Party က ထိုင်းနိုင်ငံတွင်းဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဒုစရိုက်မှုတွေကို နှိမ်နင်းဖို့ ဘတ် ၁၀၀၀ နဲ့ ဘတ် ၅၀၀ တန်တွေကို ဖျက်သိမ်းမယ်လို့ မဲဆွယ်ဟန် ကြေညာပါတယ််။ ပါတီခေါင်းဆောင် Warong Dechgitvigrom က သူတို့ပါတီရဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ပေါ်လစီကို ဖေ့ဘွတ်ခ်မှာ တင်ထားခဲ့တာဖြစ်ပြီး ဒီ ပေါ်လစီအရ ဘတ် ၁၀၀၀ နဲ့ ၅၀၀ အသုံးပြုမှုကို နိုင်ငံနဲ့ အဝန်း ရပ်တန့်သွားမှာပါ။ သူ့ အဆိုအရဆို အခုလို ပိုက်ဆံတွေရှိနေတာကြောင့် ငွေတွေကို မကောင်းတဲ့နေရာမှာ အသုံးပြုနေသလို၊ တချို့ကလည်း မတရားချမ်းသာမှုတွေကို ဒီ ပိုက်ဆံတွေနဲ့ ဝှက်ထားကြတယ်လို့ဆိုပါတယ်။အခုလို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဒုစရိုက်ရာဇဝတ်မှုတွေ နည်းသွားမှာဖြစ်သလို၊ လာဘ်ပေးလာဘ်ယူတာတွေလည်း နည်းသွားမှာဖြစ်တယ်လို့ ယူဆနေပါတယ်။



