မြန်မာပြည်တွင်းရှိ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်းကြောင့် လာမည့်နှစ် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်နိုင်သည်ဟု ကုန်သည်အချို့ ခန့်မှန်းနေကြသည်။ယခုနှစ်တွင် ပြည်တွင်းကြက်သွန်နီဈေး ကျဆင်းမှုက စိုက်ပျိုးသူတောင်သူများ၊ သိုလှောင်သူ ကုန်သည်များ ဆုံရှုံးမှုကြီးမားခဲ့သည်။ ထိုကြောင့် ကြက်သွန်စိုက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းတွင် အားထည့်လုပ်ဆောင်ရန် မလွယ်ကူသည့် အခြေအနေမျိုးဖြစ်လာပြီး ထုတ်လုပ်မှုအပိုင်း လျော့နည်းနိုင်သည်ဟု ခန့်မှန်းနေကြသည်။လက်ရှိပြည်တွင်းကြက်သွန်နီဈေးက စိုက်ပျိုးသူတောင်သူများအတွက် ဆွဲဆောင်မှုမရှိသော်လည်း ငွေ ကြေးအရင်းအနှီးတက်နိုင်သူများ၊အခြားသီးနှံစိုက် ပျိုး ရန် ခက်ခဲသူများက ဆက်လက်လုပ်ကိုင်ရမည်အ ခြေအနေမျိုးဖြစ်နေသည်ဟု ကြက်သွန်စိုက်ပျိုးသည့်တောင်သူတစ်ဦးကဆိုသည်။
Dec 28 • 1:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


