back

ရခိုင်နယ်စပ်အနီး နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းကို ပို့ဆောင်နေတဲ့ ခရီးသည်တင်သင်္ဘောမီးလောင်ပြီး တစ်ဦးသေ

Dec 28 • 1:57 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်နယ်စပ်အနီး နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းကို ပို့ဆောင်နေတဲ့ ခရီးသည်တင်သင်္ဘောမီးလောင်ပြီး တစ်ဦးသေ

ရခိုင်နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားတွင် နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းသို့ ခရီးသွားများကို တင်ပို့နေသည့် သင်္ဘောတစ်စီး ဒီဇင်ဘာ ၂၇ရက်နေ့ နံနက် နာ...

ရခိုင်နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားတွင် နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းသို့ ခရီးသွားများကို တင်ပို့နေသည့် သင်္ဘောတစ်စီး ဒီဇင်ဘာ ၂၇ရက်နေ့ နံနက် နာရီခန့်တွင် မီးလောင်ပြီး တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။၎င်း‘The Atlantic Cruise’ ခရီးသည်တင် သင်္ဘောသည် ခရီး ၁၉၄ ဦးအား တင်ဆောင်ရန် ကျောက်ချရပ်နားထားစဉ် မီးလောင်ခဲ့ခြင်းဖြစ်သဖြင့် ခရီးသည်များထိခိုက် မှုမရှိဟု သတင်းများတွင် ဖော်ပြသည်။

အစိုးရက သင်္ဘောမီးလောင်မှုဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

news-view-count-icon

22