ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး) ကို ကန်ချနဘူရီမြို့၊ ကင်စိယန့်ရပ်ကွက်အနီးတွင် မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးအား စစ်ဆေးရာမှတစ်ဆင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ၎င်းတို့အား ကန်ချနဘူရီရဲစခန်း၌ တရားမဝင်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး၊ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြီးစီးပါက ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 28 • 1:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


