၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ပထမအဆင့် ကျင်းပရာနေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ (၂၈) ရက် နံနက်အရုဏ်ဦးတွင် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီး၌ မဲပေးရန် ပြင်ဆင်နေသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။ အပိုင်း (၁) တွင် ပါဝင်သည့် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗိုလ်တထောင် အစရှိသည့် မြို့နယ်များရှိ မဲရုံများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံဝန်ထမ်းများက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြပြီး၊ အချို့သော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စောစီးစွာ လာရောက်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။


