စင်ကာပူနိုင်ငံ Nanyang Technological University (NTU) မှ ၎င်း၏ဘဏ်အကောင့်ထဲသို့ မှားယွင်းလွှဲပြောင်းမိသည့် စင်ကာပူဒေါ်လာ ၉,၀၀၀ ကျော်ကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဟိုတယ်တွင် အပန်းဖြေခြင်းနှင့် နေ့စဉ်စရိတ်များအဖြစ် အလွဲသုံးစားပြုလုပ်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် Mohamed Basheer Hanif Mohamed အား စင်ကာပူတရားရုံးက ဒီဇင်ဘာလ ၂၆ ရက်တွင် ထောင်ဒဏ် ၁၂ ပတ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ တရားခံသည် ငွေအမှားကို သိရှိသော်လည်း တက္ကသိုလ်နှင့် ဘဏ်တို့၏ ဆက်သွယ်မှုများကို ရှောင်တိမ်းခဲ့ပြီး ငွေဝင်လာသည်ကို မသိရှိကြောင်း လိမ်လည်ပြောဆိုခဲ့ကာ လက်ရှိအချိန်ထိ နစ်နာမှုအတွက် ပြန်လည်ပေးလျော်နိုင်ခြင်း မရှိသေးသဖြင့် မရိုးမသား အလွဲသုံးစားမှုဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခံရခြင်း ဖြစ်သည်။
စင်ကာပူတွင် မှားယွင်းလွှဲလာသော ငွေဒေါ်လာ ၉,၀၀၀ ကျော်အား ပြန်မပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သူကို ထောင်ဒဏ် ၁၂ ပတ် ချမှတ်
Dec 28 • 1:35 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


