စင်ကာပူနိုင်ငံ Canberra Street တွင် ရည်းစားဟောင်းဖြစ်သူ အမျိုးသမီးအား အခြားအမျိုးသားတစ်ဦးနှင့် တွေ့ရှိရာမှ ဒေါသပေါက်ကွဲကာ ကိုယ်ထိလက်ရောက် ရိုက်နှက်တိုက်ခိုက်ခဲ့သူ အသက် (၂၆) နှစ်အရွယ် Peng Yangguang ကို တရားရုံးက ထောင်ဒဏ် (၈) လနှင့် (၉) ပတ်၊ ကြိမ်ဒဏ် (၆) ချက်အပြင် ယာဉ်မောင်းလိုင်စင် (၂) နှစ် ပိတ်ပင်ရန် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ၎င်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက လိုင်စင်မဲ့ကားမောင်းနှင်ကာ ရည်းစားဟောင်းနောက်သို့ ခြေရာခံလိုက်လံခဲ့ပြီးနောက် အမျိုးသမီး၏ ဦးခေါင်းနှင့် ပခုံးတို့ကို လက်သီးဖြင့် ထိုးကြိတ်ခဲ့သလို၊ အဆိုပါအမျိုးသား၏ကားကို ဖျက်ဆီးခြင်းနှင့် ၎င်းအား ကားဖြင့်တိုက်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ဆန္ဒအလျောက် နာကျင်စေမှု၊ လက်နက်ကိုင်ဆောင်မှု (Vaporiser ပို့ဆောင်ခြင်း) နှင့် လိုင်စင်မဲ့မောင်းနှင်မှု အစရှိသည့် စွဲချက်များဖြင့် အပြစ်ရှိကြောင်း စီရင်ခံရခြင်းဖြစ်သည်။
စင်ကာပူ Canberra တွင် ရည်းစားဟောင်းနှင့် အဖော်ဖြစ်သူကို ရိုက်နှက်တိုက်ခိုက်ခဲ့သည့် အမျိုးသား ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ချမှတ်ခံရ
Dec 28 • 1:29 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


