ထိုင်း ကမ္ဘောဒီီးယား နယ်စပ်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေထဲက တစ်ခုက Boycott Thailand ဆိုတဲ့ ကိစ္စနာမည်ကြီးနေတာပါ။ X (ယခင် တွစ်တာ) နဲ့ အင်စတာဂရမ်တို့မှာ ဒီ ဖြစ်ရပ်စခဲ့တာဖြစ်ပြီး အထူးသဖြင့် ထိုင်းစစ်တပ်ဘက်က ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထား ကိုးကွယ်တဲ့ “Lord Vishnu” ရုပ်တုကို ဖျက်ဆီးမိတာကနေ စတာပါ။ ဒီရုပ်တုကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားဘက်ခြမ်းမှာရှိနေတာဖြစ်သလို ထိုင်း နယ်စပ်နဲ့ဆို မီတာ ၁၀၀ ပဲ ဝေးပါတယ်။အခုလို ဖျက်ဆီးမှုကြောင့် အိန္ဒိယနိုင်ငံသားတွေက မခံမရပ်နိုင်ဖြစ်လာပြီး #BoycottThailand #BoycottPattaya စတာတွေနဲ့အတူ ထိုင်းကိုသွားဖို့ရှိတဲ့သူတွေအနေနဲ့ ဘိုကင်တွေ ဖျက်သိမ်းဖို့၊ ဟိန္ဒူဘာသာရေးဆိုင်ရာ ယုံကြည်မှုကို မလေးမစားလုပ်တဲ့အတွက် ထိုင်းကို ဖိအားပေးပြီး သွားဖို့ စီစဥ်ထားသူတွေအနေနဲ့ ပလန်တွဖျက်ဖို့ ဆော်သြနေတာပါ။
| 14 | 0 | 0 | 0 |


