ရွေးကောက်ပွဲ ပထမပိုင်း စတင်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မဲရုံတွေမှာ ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။မန္တလေး၊အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်မှာရှိတဲ့ အ ထ က ၈ က မဲရုံမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လာရောက်ပြီး ဆန္ဒမဲ ပေးခဲ့ပါတယ်။



