ပြင်ဦးလွင်ဘူတာအဆင့်မြှင့်စီမံကိန်းအပါအဝင် စီမံကိန်းသုံးခုအား၊ မကြာခင်ကာလအတွင်း အကောင်အထည် ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်၊ လက်ရှိအရောင်းအ၀ယ်ဖြစ်နေသည့်ဈေးတန်းတစ်ခုမှ ရုတ်တရတ်ထိုးတက်သွားခြင်းဖြစ်သည်ဟု သိရသည်။မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဘူတာအဆင့်မြှင့်စီမံကိန်း၊ မြို့မဈေးအဆင့်မြှင့်စီမံကိန်းနှင့် ရတနာပုံ ဆိုက်ဘာစီးတီး ပြန်လည်စတင်မည့် စီမံကိန်းများအား၊ မကြာခင်အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။လက်ရှိအရောင်းအ၀ယ်ပြုလုပ်နေကြသည့်မြေများ စိတ်ချရမှုရှိမရှိနှင့်ပတ်သက်၍တော့၊ စနစ်တကျစစ်ဆေး၀ယ်ယူကြရန် ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များနှင့် ရှေ့နေအသိုက်အ၀န်းက သတိပေးပြောဆိုနေကြသည်။



