back

ဂျပန်တွင် နှစ်သစ်ကူးအားလပ်ရက် ခရီးသွားလာမှု စတင်၊ ရထားများ ခရီးသည်ပြည့်နှက်

Dec 27 • 1:30 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်တွင် နှစ်သစ်ကူးအားလပ်ရက် ခရီးသွားလာမှု စတင်၊ ရထားများ ခရီးသည်ပြည့်နှက်

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူး အားလပ်ရက်တွေကို မွေးရပ်မြေ ဒါမှမဟုတ် အပန်းဖြေနေရာတွေမှာ ကုန်ဆုံးဖို့ ခရီးထွက်ကြသူတွေကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး ခရီးသွားလာမှုတွေ ...

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူး အားလပ်ရက်တွေကို မွေးရပ်မြေ ဒါမှမဟုတ် အပန်းဖြေနေရာတွေမှာ ကုန်ဆုံးဖို့ ခရီးထွက်ကြသူတွေကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး ခရီးသွားလာမှုတွေ စတင်များပြားလာခဲ့ပါတယ်။ အထူးသဖြင့် မြန်နှုန်းမြင့်ရထားတွေဖြစ်တဲ့ ရှင်းကန်ဆန် (Shinkansen) ရထားတွေဟာ တစ်နေ့တာလုံး ခရီးသည်အပြည့်နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလကုန်အထိ အောက်ဘက်သို့သွားတဲ့ ရှင်းကန်ဆန် ရထားတွေဟာ ခရီးသည်အပြည့်နီးပါး ဖြစ်နေပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က ခရီးသွားအများဆုံးနေ့ ဖြစ်လာနိုင်ကြောင်း ဂျေအာအီးစ် (JR East) က ခန့်မှန်းထားပါတယ်။ နှစ်သစ်ကူးပြီးနောက် ပြန်လည်ထွက်ခွာမယ့် ခရီးသည်တွေအတွက် အပေါ်ဘက်သို့သွားတဲ့ ရထားတွေကတော့ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ခရီးသည်အပြည့်နီးပါးဖြစ်နေပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ အများဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားပါသည်။



news-view-count-icon

3