back

ဘန်ကောက်ဟာ နယူးရီးယား ဘွတ်ကင်တင်မှု အများဆုံးဖြစ်

Dec 27 • 1:27 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ဟာ နယူးရီးယား ဘွတ်ကင်တင်မှု အများဆုံးဖြစ်

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) က နှစ်သစ်ကူးကာလအတွင်း ခရီးသွားလုပ်ငန်း ဝင်ငွေ ဘတ် ၇၀.၁ ကနေ ၇၆.၅ ဘီလီယံဝန်းကျင် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင...

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) က နှစ်သစ်ကူးကာလအတွင်း ခရီးသွားလုပ်ငန်း ဝင်ငွေ ဘတ် ၇၀.၁ ကနေ ၇၆.၅ ဘီလီယံဝန်းကျင် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေထဲမှာ တရုတ် ကနေ အများဆုံး လာရောက်မယ်လို့ ခန့်မှန်းထားပြီး ရုရှား နဲ့ အိန္ဒိယတို့က ဒုတိယနဲ့ တတိယ နေရာတွေမှာ ရှိနေပါတယ်။ ဘန်ကောက်ဟာ ပြည်တွင်းရော ပြည်ပ ခရီးသွားတွေအတွက်ပါ လူကြိုက်အများဆုံး နေရာဖြစ်နေဆဲဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့ Phuket ၊ Chiang Mai ၊ Krabi နဲ့ Koh Samui တို့ကိုလည်း သွားရောက်ဖို့ စာရင်းသွင်းမှုတွေ များနေပါတယ် ခရီးသွားတွေ နေရာအနှံ့ ရောက်ရှိစေဖို့အတွက် TAT က Phayao ၊ Narathiwat ၊ Chiang Rai ၊ Udon Thani အပါအဝင် ပြည်နယ် ၉ ခုမှာ Countdown 2026 ပွဲတော်တွေကို ပံ့ပိုးကူညီပေးထားပါသည်။



news-view-count-icon

9