menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ ၇၂ နာရီကြာ စစ်ပွဲရပ်နားပြီ

Dec 27 • 8:20 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ ၇၂ နာရီကြာ စစ်ပွဲရပ်နားပြီ

ထိုင်း နဲ့ ကမ္ဘောဒီးယား တို့ဟာ Chanthaburi ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုင်း ကာကွယ်ရေးဝန်ကြီး Gen Natthaphon Narkpha...

cover-photo

ထိုင်း နဲ့ ကမ္ဘောဒီးယား တို့ဟာ Chanthaburi ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုင်း ကာကွယ်ရေးဝန်ကြီး Gen Natthaphon Narkphanit နဲ့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Gen Tea Seiha တို့ဟာ စနေနေ့ (ဒီဇင်ဘာလ ၂၇ )မနက် ၁၀:၁၅ နာရီလောက်မှာ Pong Nam Ron ခရိုင်၊ Ban Phak Khat နယ်စပ်ဂိတ်မှာပြုလုပ်တဲ့ Thai-Cambodian General Border Committee (GBC) အစည်းအဝေးမှာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နေ့လယ် ၁၂ နာရီမှာ အပစ်ရပ်တာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။အဲဒီပူးတွဲကြေညာချက်မှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်သွားဖို့ ကတိပြုထားကြပါတယ်။ အောက်တိုဘာလတုန်းက မလေးရှားနိုင်ငံ Kuala Lumpur မှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက် ၄ ချက်စလုံးကို ကမ္ဘောဒီးယား ဘက်က လက်ခံသဘောတူခဲ့တယ်လို့ Gen Natthaphon က ပြောပါတယ်။သောကြာနေ့ (ဒီဇင်ဘာလ ၂၆)တုန်းကတော့ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က ၇၂ နာရီကြာ အပစ်ရပ်တာကို လက်ခံပေမယ့် လက်ရှိထိန်းချုပ်ထားတဲ့ နေရာတွေကနေ ဆုတ်ခွာပေးမှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ Surin ပြည်နယ်၊ Ban Nong Chan ကို ကမ္ဘောဒီးယား တပ်တွေက ဒုံးကျည်နဲ့ ပ-စ်ခ-တ်တိုက်ခိုက်ခဲ့လို့ ထိုင်း စစ်သား ၃ ဦး ‌ေ-သဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပြီးနောက်မှာ အခုလို ပြောဆိုခဲ့တာပါ။အခု သဘောတူညီချက်ကြောင့် လူပေါင်း ၁၀၁ ဦး ‌ေ-သဆုံးပြီး နှစ်ဖက်စလုံးက လူဦးရေ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရက် ၂၀ ကြာ တိုက်ပွဲတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။


news-view-count-icon

21

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

သန်လျင်ရေနံချက်စက်ရုံကို တစ်နှစ် တန်ချိန် ၃ သန်း ချက်လုပ်နိုင်အောင်အကောင်အထည်ဖော်မည်

ရုရှားသမ္မတပူတင်ရာထူးမှ ဖယ်ရှားခဲ့သော ဒုကာဝန်ဟောင်း ထူးဆန်းစွာ သေဆုံးခဲ့

cover-photo
right-arrow-icon