back

သန်လျင်ရေနံချက်စက်ရုံကို တစ်နှစ် တန်ချိန် ၃ သန်း ချက်လုပ်နိုင်အောင်အကောင်အထည်ဖော်မည်

Dec 27 • 8:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သန်လျင်ရေနံချက်စက်ရုံကို တစ်နှစ် တန်ချိန် ၃ သန်း ချက်လုပ်နိုင်အောင်အကောင်အထည်ဖော်မည်

သန်လျင်ရေနံချက်စက်ရုံကို တစ်နှစ်မှာ တန်ချိန် ၃ သန်း ချက်လုပ်နိုင်မယ့် စက်ရုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။စီမံကိန်းအပ...

သန်လျင်ရေနံချက်စက်ရုံကို တစ်နှစ်မှာ တန်ချိန် ၃ သန်း ချက်လုပ်နိုင်မယ့် စက်ရုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။စီမံကိန်းအပိုင်း(၁)အဖြစ် မကြာခင်ကာလအတွင်းမှာ တစ်နှစ်ကို တန်ချိန် ၅ သိန်း ချက်လုပ်နိုင်မယ့် စက်ရုံအနေနဲ့ စတင်လည်ပတ်တော့မယ်လို့ ဆိုပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သက်တမ်းရင့် ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနဲ့ ဓာတ်မြေသြဇာစက်ရုံကြီးတွေကို စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကာ နည်းစနစ်ကျ ရေနံတွင်းတွေ တူးဖော်နိုင်ဖို့နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ယက်တွေ အဆင်မြှင့်တင်နေတယ်လို့လည်း ပြောထားပါတယ်။

တစ်ဖက်မှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လောင်စာတွေကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေအောင် အဆင့်မြင့်နည်းပညာတွေ အသုံးပြုသုံးစွဲနိုင်ဖို့ စီမံဆောင်ရွက်နေတဲ့အကြောင်း ဆိုပါတယ်။ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးမှာ AI နည်းပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာအသုံးပြုနိုင်ရေးနဲ့ ရေနံချက်လုပ်ခြင်းအပိုင်းမှာလည်း ရေနံချက်စက်ရုံအသစ်တွေ တည်ဆောက်ပြီး အဆင့်မြင့်စက်သုံးဆီတွေ ကိုယ်တိုင်ချက်လုပ်ထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာစက်ရုံတွေ ထပ်မံတည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေး ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

54