ပြီးခဲ့သည့်နှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာပြဋ္ဌာန်းရန် ကြိုးပမ်းမှုနှင့်ဆက်စပ်နေသော ပြစ်မှုများအတွက် သမ္မတဟောင်းယွန်းဆွတ်ယိုးကို ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရ ရှေ့နေများက ကြိုးပမ်းနေကြောင်း ဒီဇင်ဘာ ၂၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားအစိုးရ ရှေ့နေများသည် တရားရေးလုပ်ငန်းစဉ်များကိုနှောင့်ယှက်မှုအပါအဝင် စွဲချက်များအတွက် ယွန်းဆွတ်ယိုးကို ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်နိုင်ရန် ကြိုးပမ်းနေကြောင်းတောင်ကိုရီးယားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။သမ္မတဟောင်း ယွန်းဆွတ်ယိုးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းစစ်အုပ်ချုပ်ရေး ဥပဒေကြေညာရန် အစည်းအဝေးကျင်းပရာတွင် အစိုးရအဖွဲ့ဝင်များကို ဖယ်ထုတ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင်လည်း ၎င်းကိုဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းမှုများကို အနှောင့်အယှက်ပေးခဲ့ကြောင်း အစိုးရရှေ့နေများကစွဲချက်တင်ထားသည်။သမ္မတဟောင်းယွန်းဆွတ်ယိုးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင်စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းခဲ့ရာ တောင်ကိုရီးယားနိုင်ငံ၌ နှစ်ပေါင်း(၄၀) ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အရပ်ဘက်အုပ်ချုပ်မှုစနစ်ယာယီရပ်တန့်ခဲ့ရသည်။



