back

ရုရှားသမ္မတပူတင်ရာထူးမှ ဖယ်ရှားခဲ့သော ဒုကာဝန်ဟောင်း ထူးဆန်းစွာ သေဆုံးခဲ့

Dec 27 • 8:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားသမ္မတပူတင်ရာထူးမှ ဖယ်ရှားခဲ့သော ဒုကာဝန်ဟောင်း ထူးဆန်းစွာ သေဆုံးခဲ့

ရုရှားစစ်တပ်နှင့် ပတ်သက်သည့် အထူး လျှို့ဝှက်ချက်များအား အဓိက ထိန်းသိမ်းပေးနေခဲ့သည့် ဒုကာကွယ်ရေး ဝန်ကြီးဟောင်း ယူရီဆာဒိုဗန်ကိုသည် ခရစ္စမတ်နေ့တွင် ထူးဆန်းစွာဖြင့်...

ရုရှားစစ်တပ်နှင့် ပတ်သက်သည့် အထူး လျှို့ဝှက်ချက်များအား အဓိက ထိန်းသိမ်းပေးနေခဲ့သည့် ဒုကာကွယ်ရေး ဝန်ကြီးဟောင်း ယူရီဆာဒိုဗန်ကိုသည် ခရစ္စမတ်နေ့တွင် ထူးဆန်းစွာဖြင့် ရုတ်တရက် သေဆုံးသွားခဲ့သည်။ ပူတင်သည် ရုရှားစစ်တပ်အတွင်း အပြောင်းအလဲများစွာ လုပ်ဆောင်နေခဲ့သလို စစ်ဗိုလ်ချုပ်များ ထူးဆန်းစွာ သေဆုံးမှုများလည်း ဆက်တိုက် ဖြစ်ပွားနေရာ ရုရှားအစိုးရဘက်မှ ထုတ်ပြန်ချက်အရ ၎င်းသည် နှလုံးဖောက်ကာ သေဆုံးသည်ဟု ဆိုသော်လည်း ထိုမတိုင်မီ ဖျားနာခြင်း၊ နေထိုင်မကောင်းခြင်း လုံး၀မရှိဘဲ အသက် ၅၆ နှစ်အရွယ်၌ ထူးဆန်းစွာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဆာဒိုဗန်ကိုအား ပူတင်ကိုယ်တိုင် ကာကွယ်ရေးဝန်ကြီး အဖြစ်မှ ဖယ်ရှားခဲ့ကာ လက်ရှိ လုံခြုံရေးကောင်စီ အတွင်းရေးမှူးရာထူး ရယူခဲ့သော ရှိုအီဂူ၏ လက်ရုံး ဒုဝန်ကြီးဟောင်း ဖြစ်ပြီး ၎င်းကိုလည်း ၂၀၂၄ မေလ တွင် ပူတင်က ထုတ်ပယ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကျူးကျော်စစ် စတင်ဆင်နွှဲပြီးနောက် ရုရှားထိပ်တန်း ဗိုလ်ချုပ်များ ဆက်တိုက်ဆိုသလို ထူးဆန်းစွာ သေဆုံးနေကာ ဆာဒိုဗန်ကို၏ ဇနီး မာရီယာခီတေးဗား သည်လည်း အခြားသော ဒုကာဝန် တီမာအီဗန်နော့ဗ်နှင့် ဖောက်ပြန်မှု ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

အီဗန်နော့ဗ်သည်လည်း ရှိုအီဂူ၏ လက်ရုံးတစ်ဦးဖြစ်ကာ လက်ရှိတွင် အကြီးစား လာဘ်စားမှုဖြင့် ထောင်ချခံထားရသူ ဖြစ်သည်။



news-view-count-icon

31