ထိုင်းအလုပ်သမားဝန်ကြီး Ms. Treenuch Thienthong သည် အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးလက်ဆောင်အဖြစ် အထူးဝန်ဆောင်မှု ၁၀ မျိုးကို ကြေညာခဲ့ရာ ပြည်ပအလုပ်အကိုင်အတွက် လေယာဉ်လက်မှတ်အခမဲ့ပေးခြင်း၊ အလုပ်အကိုင်ပေါင်း ၄ သိန်း ၉ သောင်းကျော် ခေါ်ယူမည့် Job Expo ကျင်းပခြင်းနှင့် နှစ်သစ်ကူးခရီးသွားများအတွက် ယာဉ်ကြံ့ခိုင်မှု အခမဲ့စစ်ဆေးပေးခြင်းတို့ ပါဝင်သည်။ ထို့ပြင် အွန်လိုင်းကျွမ်းကျင်မှုသင်တန်းပေါင်း ၂ သိန်းကျော် အခမဲ့ပေးခြင်း၊ မီးဖွားခွင့်ရက်တိုးမြှင့်ခြင်းအပါအဝင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအသစ်များ ကျင့်သုံးခြင်း၊ လူမှုဖူလုံရေးအာမခံ (Section 40) ခံစားခွင့်များ တိုးမြှင့်ပေးခြင်းနှင့် အသက် ၅၀ ကျော် အာမခံထားသူများကို တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း စသည့် အကျိုးခံစားခွင့်များကို ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ၂၀၂၆ နှစ်သစ်ကူးလက်ဆောင်အဖြစ် အလုပ်သမားများအတွက် အထူးအခွင့်အရေး (၁၀) ချက် ထုတ်ပြန်
Dec 27 • 6:00 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


