၂၀၂၆ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအောင် မြန်မာ ယူ- ၁၇ အသင်းကို ကစားသမားအင်အား
ဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ရှိနေကြောင်း
သိရပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၂၆ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအောင် မြန်မာ ယူ- ၁၇ အသင်းကို (A) အသင်းအဖြစ်ထားရှိပြီး MFF ရဲ့ ရန်ကုန်၊ မန္တလေးအကယ်ဒမီများမှ အသက်မီပြီး ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားများနဲ့ စုဖွဲ့ထားတဲ့အသင်းကို (B) အသင်းအဖြစ် ထားရှိမှာဖြစ်ပါတယ်။ အဲဒီ (A) နဲ့ (B) အသင်း နှစ်သင်းကို လူရွေးပွဲအဖြစ် ဒီဇင်ဘာ (၂၈၊ ၂၉၊ ၃၀) ရက်တွေမှာ ခြေစမ်းပွဲတွေ ယှဥ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ်။အဲဒီခြေစမ်းပွဲများကနေ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားများကို စိစစ်ရွေးထုတ်ပြီး မြန်မာ ယူ- ၁၇ အသင်းကို ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာ ယူ- ၁၇ အသင်းဟာ ၂၀၂၆ ခုနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲနှစ်ခုအဖြစ် အာဆီယံ ယူ- ၁၇ ပြိုင်ပွဲနဲ့ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲတွေကို
ဝင်ရောက်ယှဥ်ပြိုင်ရဖို့ ရှိနေပါတယ်။



