back

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၁၀) အပြီး ISPE အသင်း ဆက်လက်ဦးဆောင်နေ

Dec 27 • 5:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၁၀) အပြီး ISPE အသင်း ဆက်လက်ဦးဆောင်နေ

၂၀၂၅- ၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၁၀) ကို ပြီးခဲ့တဲ့ဒီဇင်ဘာ (၂၄၊ ၂၆) ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ISPE အသင်းကပဲ အမှတ်ပေးဇယားကိ...

၂၀၂၅- ၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ

ပွဲစဥ် (၁၀) ကို ပြီးခဲ့တဲ့ဒီဇင်ဘာ (၂၄၊ ၂၆) ရက်

များက ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ISPE အသင်းကပဲ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ကြောင်း သိရပါတယ်။ပွဲစဥ် (၁၀) ရဲ့ ပထမနေ့မှာ Y.R.E.O အသင်းနဲ့ Young Lionesses အသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယနေ့မှာ အဆင့် (၂) နေရာက ဧရာဝတီအသင်းနဲ့ အဆင့် (၃) နေရာက သစ္စာအားမာန်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး ဧရာဝတီအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ မိနစ် (၉၀) ပြည့်ချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေပြီး နာကျင်အချိန်ပိုမှာ မြန်မာ့လက်ရွေးစင်ကစားသမား ဖြူဖြူဝင်းက ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။လက်ရှိချန်ပီယံ ISPE အသင်းကတော့ မြဝတီအသင်းကို (၃-၀) ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲစဥ် (၁၀) အပြီး အမှတ်ပေးဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ ISPE အသင်းနဲ့ ဒုတိယနေရာက ဧရာဝတီအသင်းတို့ဟာ ရမှတ် (၁) မှတ်ကွာဟမှုနဲ့ ချန်ပီယံဆုအတွက် အပြိုင်ဆက်လက်ဖြစ်နေပါတယ်။



news-view-count-icon

30