back

ရန်ကုန်၊အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

Dec 27 • 5:31 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၆နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ...

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၆နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ ဈေးကုန်း(အနော)ရပ်ကွက်တွင် လမ်းလျှောက်လာသူ အောင်ဖြိုးနိုင်(ခ)ကိုဖြိုး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဖြိုးနိုင်(ခ)ကိုဖြိုး(၃၄)နှစ်အား အင်းစိန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။

news-view-count-icon

33