back

ရှမ်းပြည်နယ်၊မိုင်းရယ်မြို့တွင် ငွေကျပ် ၁,၁၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ

Dec 27 • 5:27 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊မိုင်းရယ်မြို့တွင် ငွေကျပ် ၁,၁၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၄နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းရယ်မ...

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၄နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တည်းခိုခန်းအမှတ် --- တွင် တည်းခိုနေထိုင်သူ စိုင်းလှရွှေ(ခ)အိုက်ရွှေ နှင့် စိုင်းလောင်(ခ)အစိုင်း တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၁၂၅ သိန်း)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ ကျည်အိမ် ၁ ခု၊ ၎င်းတို့မောင်းနှင်လာသည့် HUMMER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလှရွှေ(ခ)အိုက်ရွှေ(၂၉)နှစ် နှင့် စိုင်းလောင်(ခ)အစိုင်း(၂၄)နှစ်တို့အား မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။

news-view-count-icon

29