back

ရှမ်းပြည်၊တာချီလိတ်မြို့တွင် ငွေကျပ် ၁,၅၅၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Dec 27 • 5:37 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊တာချီလိတ်မြို့တွင် ငွေကျပ် ၁,၅၅၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၇နာရီ၂၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မ...

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၇နာရီ၂၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ကားဂိတ်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်သူ စိုင်းခမ်းအွန် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၄၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၇နာရီ၃၀မိနစ် အချိန် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၉၂၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၁၂ သိန်း)နှင့် ကက်တမင်း အလေးချိန် ၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းခမ်းအွန်(၂၇)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

38