ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လွယ်လွမ့်ကျေးရွာတွင် နေထိုင်သော အသက် ၂၀ နှစ်အရွယ် မကြာယုံသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က လားရှိုးမြို့မှ တောင်ကြီးမြို့သို့ နိုင်ငံကူးလက်မှတ် (Passport) သွားရောက်ယူဆောင်ရန် ထွက်ခွာသွားပြီးနောက် ယနေ့တိုင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသဖြင့် ၎င်းအား တွေ့မြင်မိသူများအနေဖြင့် ဖုန်းနံပါတ် 09-91489380၊ 09-459939119 နှင့် 09-696533289 တို့သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် မိသားစုဝင်များက လူမှုကူညီရေးအသင်းများနှင့် မီဒီယာများမှတစ်ဆင့် မေတ္တာရပ်ခံထားကြောင်း သိရသည်။
လားရှိုးမြို့မှ တောင်ကြီးသို့ ပတ်စပို့စ်သွားယူသည့် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးနေ၍ မိသားစုဝင်များက အကူအညီတောင်းခံ
Dec 27 • 4:18 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


