မိုးညှင်းတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကာယနှင့် ဉာဏစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်ကျင်းပသည့် ဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဒီဇင်ဘာလ ၂၄ ရက်က တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသမီးပြိုင်ပွဲတွင် ညွှန့်ပေါင်းအသင်းကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ညွှန့်ပေါင်း (ဂ) အသင်းကလည်းကောင်း အသီးသီး ဗိုလ်စွဲသွားခဲ့သည်။ ဆုပေးပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က ဂုဏ်ပြုစကားပြောကြားပြီး တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်းများနှင့် နေရာအလိုက် အကောင်းဆုံးကစားသမားများအား တံခွန်စိုက်ဒိုင်းဆု၊ ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Dec 27 • 4:16 AM
မြန်မာ
ကချင်
မျှဝေမည်
| 36 | 0 | 0 | 0 |


