ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူး Countdown ပွဲတော်များကို နေရာအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဘန်ကောက်မြို့ရှိ ICONSIAM တွင် ၅ ရက်တိုင်တိုင် ကမ္ဘာကျော်အနုပညာရှင်များ၏ ဖျော်ဖြေပွဲနှင့် 4D မီးရှူးမီးပန်းရှိုးများကို ကြည့်ရှုနိုင်သလို၊ Siam Paragon တွင်လည်း နှစ် ၂၀ ပြည့် အထူးအစီအစဉ်များဖြင့် အခမဲ့ဆင်နွှဲနိုင်မည်ဖြစ်သည်။ ကမ်းခြေအပန်းဖြေလိုသူများအတွက် ဖူးခက် နှင့် ပတ္တရား တို့တွင် ဂီတဖျော်ဖြေပွဲနှင့် ကမ်းခြေပါတီများ ကျင်းပမည်ဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှုနှင့် အေးချမ်းမှုကို နှစ်သက်သူများအတွက် ချင်းမိုင် ရှိ မီးပုံးပျံလွှတ်တင်ပွဲမှာ အသင့်တော်ဆုံးဖြစ်ကာ နေရာအလိုက် ထူးခြားသည့် အစီအစဉ်များစွာဖြင့် ၂၀၂၆ ခုနှစ်ကို ခမ်းနားစွာ ကြိုဆိုကြမည်ဖြစ်ကြောင်း သိရသည်။
Dec 27 • 4:15 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


