စင်ကာပူနိုင်ငံရှိ Sheng Siong စူပါမားကတ်သည် ကုမ္ပဏီအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် လုပ်သက်အလိုက် ရွှေဒင်္ဂါးပြားများ ချီးမြှင့်ခဲ့ရာ လုပ်သက် (၂၀) ပြည့်သူများကို တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၁၈,၅၀၀ ခန့်ရှိသည့် ရွှေ (၁၀၀) ဂရမ်အထိ ပေးအပ်ခဲ့ကြောင်း သိရသည်။ လုပ်သက် ၅ နှစ်မှ ၁၅ နှစ်အတွင်းရှိသည့် ဝန်ထမ်းများကိုလည်း ရွှေ ၂၀ ဂရမ်မှ ၄၀ ဂရမ်အထိ အသီးသီး ချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း လုပ်သက်ဆုရရှိသူ ၄၄၄ ဦးအထိရှိခဲ့ရာ ယခင်ကလည်း အပိုဆုကြေး (၁၆) လစာအထိ ပေးအပ်ခဲ့ဖူးသည့် Sheng Siong သည် ဝန်ထမ်းရေးရာကို အလေးထားသော နမူနာကောင်း ကုမ္ပဏီတစ်ခုအဖြစ် လူသိများလာခဲ့သည်။
စင်ကာပူ Sheng Siong စူပါမားကတ်က နှစ်ရှည်လုပ်သက်ရင့်ဝန်ထမ်းများကို ရွှေဒင်္ဂါးပြားများဖြင့် စံချိန်တင်ဂုဏ်ပြု
Dec 27 • 4:19 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


