ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ကီလီယန် ဘာပေ (Kylian Mbappé) သည် PSG အသင်းဖော်ဟောင်းဖြစ်သူ အက်ရှ်ရပ်ဖ် ဟာကီမီ (Achraf Hakimi) ၏ ဖိတ်ခေါ်မှုအရ မော်ရိုကိုနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အာဖရိကနိုင်ငံများဖလား (AFCON) ပြိုင်ပွဲ၊ မော်ရိုကိုနှင့် မာလီတို့၏ အုပ်စုဒုတိယပွဲစဉ်ကို ကွင်းအတွင်း သွားရောက်ကြည့်ရှုအားပေးမည်ဖြစ်ကြောင်း သိရသည်။ လာလီဂါပြိုင်ပွဲ ဆောင်းရာသီနားရက်နှင့် တိုက်ဆိုင်နေသဖြင့် ဘာပေမှာ မော်ရိုကိုသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အလွန်ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ မော်ရိုကိုအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ကိုမိုရော့စ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားပြီး မာလီအသင်းမှာမူ ဇမ်ဘီယာနှင့် တစ်ဂိုးစီသရေကျထားသည့်အတွက် ယခုပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးပါနေသည်။
Dec 27 • 1:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


