အက်စတွန်ဗီလာအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ် (Morgan Rogers) သည် မန်ယူအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ပရိသတ်ဆန္ဒမဲ ၂၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး လိဒ်စ်အသင်းတိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် (၂၇ ရာခိုင်နှုန်း) ကို ကျော်ဖြတ်ကာ ယခုရာသီတွင် ဗီလာအသင်းအတွက် ပထမဆုံးသော ပွဲစဉ်အလိုက် အကောင်းဆုံးဆုရှင် ဖြစ်လာခဲ့သည်။ ယခုရာသီတွင် ပရီးမီးယားလိဂ်၏ အဆိုပါဆုကို ကလပ်အသင်း ၈ သင်းမှ ကစားသမားများသာ ရရှိထားသေးကြောင်း သိရသည်။
Dec 27 • 1:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


