မန္တလေးမြို့၏ အထင်ကရ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ရတနာပုံနန်းမြို့ရိုးအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ပြုပြင်ထိန်းသိမ်းရေးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အရှေ့ဘက်နှင့် တောင်ဘက်မြို့ရိုးများရှိ ကြမ်းခင်းများ၊ သရဲခိုများ၊ ပြအိုးနှင့် ပြာသာဒ်ဆောင်များကို ပြန်လည်ပြုပြင်ခြင်း၊ တိမ်းစောင်းနေသော မှန်ကင်းတိုင်များကို တည့်မတ်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်းတို့ ပါဝင်ပြီး သတ်မှတ်ကာလအတွင်း အပြီးသတ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
Dec 27 • 1:21 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


