ထိုင်းနိုင်ငံ၊ စမွတ်စခွန်မြို့နယ်တွင် ဒီဇင်ဘာလ ၂၅ ရက် ညပိုင်းက ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ရာဇဝတ်မှုပပျောက်ရေး စစ်ဆေးမှုများဆောင်ရွက်စဉ် အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးအား ၎င်း၏ကားအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁,၂၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူနိုင်ရန် ခုတ်ခမ် (Khok Kham) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ပွဲတော်ရက်များအတွင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကာ မသင်္ကာဖွယ်ရာများရှိပါက နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားရန် နှိုးဆော်ထားသည်။
Dec 27 • 1:19 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


