ထိုင်းနိုင်ငံ၊ ကရာဘီခရိုင်ရှိ ဖီဖီကျွန်း (Phi Phi Island) တွင် ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော ဆူနာမီဘေးအန္တရာယ် ၂၁ နှစ်ပြည့် အထိမ်းအမှတ်နှင့် အမျိုးသားမတော်တဆမှု ကာကွယ်ရေးနေ့ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့ရာ ခရိုင်ဝန် Mr. Angkun Silathewa-kun နှင့်အတူ သေဆုံးသူများ၏ မိသားစုဝင်များ၊ နိုင်ငံခြားသားခရီးသွားများ တက်ရောက်ခဲ့ကြပြီး၊ သေဆုံးသူများအတွက် ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းခြင်း၊ ၁ မိနစ် ငြိမ်သက်ခြင်းနှင့် ရေအောက်အထိမ်းအမှတ်နေရာတွင် အောက်မေ့ဖွယ်ပန်းခွေချခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အပြင် နောင်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများ လျော့နည်းစေရန် အသိပညာပေးမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုများကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Dec 27 • 1:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


