ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား သတင်းရယူရန်အတွက် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦး လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။ အဆိုပါရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ရာ အပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်တွင် လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌လည်းကောင်း၊ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
| 31 | 0 | 0 | 0 |


