ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့တွင် အိမ်ရာခြံလုပ်သားအဖြစ် လုပ်ကိုင်နေသူ မမြလေးနွယ်သည် အလုပ်နောက်ကျ၍ လမ်းလျှောက်သွားနေစဉ် ကင်းလှည့်နေသည့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိ၍ သူမ၏ လုပ်ငန်းခွင်အရောက် ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါရဲတပ်ဖွဲ့ဝင်သည် နေထိုင်ခွင့်လက်မှတ်စစ်ဆေးခြင်း သို့မဟုတ် ငွေကြေးတောင်းခံခြင်းများ လုံးဝပြုလုပ်ခြင်းမရှိဘဲ ဖြူစင်သော စေတနာဖြင့် ကူညီပေးခဲ့ခြင်းဖြစ်သောကြောင့် ထိုင်းရောက် မြန်မာလုပ်သားများကြားတွင် ချီးကျူးမှုများ ရရှိနေသည့် သတင်းဖြစ်ပါသည်။


