back

နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် မဲရုံပေါင်း ၆၂၆ ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင် ၉ သိန်းကျော် မဲပေးမည်

Dec 27 • 1:12 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် မဲရုံပေါင်း ၆၂၆ ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင် ၉ သိန်းကျော် မဲပေးမည်

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်၌ မဲရုံပေါင်း ၆၂၆ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွ...

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်၌ မဲရုံပေါင်း ၆၂၆ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက မဲရုံများပြင်ဆင်ထားမှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုရန် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် နေပြည်တော်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၉ ဒသမ ၁ သိန်းခန့် ရှိပြီး မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် လုပ်ငန်းလမ်းညွှန်များအတိုင်း စနစ်တကျဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

18