back

မြန်မာယူ-၁၆ ဖူဆယ်အသင်းဟာ ဘရူနိုင်းကို ၆ဂိုး-၁ဂိုးနဲ့ နိုင်ပြီး တတိယနေရာလုပွဲ ကစားရမည်

Dec 27 • 1:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာယူ-၁၆ ဖူဆယ်အသင်းဟာ ဘရူနိုင်းကို ၆ဂိုး-၁ဂိုးနဲ့ နိုင်ပြီး တတိယနေရာလုပွဲ ကစားရမည်

အာဆီယံယူ-၁၆ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်မှာ မြန်မာဖူဆယ်အသင်းက ဘရူနိုင်းဖူဆယ်အသင်းကို ၆-၁ဂိုးနဲ့အနိုင်ရပြီး တတိယနေရာလုပွဲ ကစားခွင့်ရခဲ့ပ...

အာဆီယံယူ-၁၆ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်မှာ မြန်မာဖူဆယ်အသင်းက ဘရူနိုင်းဖူဆယ်အသင်းကို ၆-၁ဂိုးနဲ့အနိုင်ရပြီး တတိယနေရာလုပွဲ ကစားခွင့်ရခဲ့ပါတယ်။ ပြိုင်ပွဲပုံစံအရ ငါးနိုင်ငံ ပတ်လည်ကစားပြီး အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး နှစ်သင်းက ဗိုလ်လုပွဲကစားရမှာဖြစ်ကာ တတိယနဲ့ စတုတ္ထနေရာက နှစ်သင်းက တတိယနေရာလုပွဲ ကစားရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲအတွက်ကတော့ ထိုင်း၊ အင်ဒို၊ ဗီယက်နမ် သုံးသင်း အပြိုင်ဖြစ်နေပြီး တတိယနေရာလုပွဲမှာ ဘယ်အသင်းနဲ့ ကစားရမလဲဆိုတာလည်း အဖြေမထွက်သေးဘဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


news-view-count-icon

45