ရန်ကုန်တိုင်းဒေသအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာမှ ယနေ့တွင် အထက်ပါအတိုင်း ရုတ်သိမ်းကြောင်း ထုတ်ပြန်ခြင်းလည်းဖြစ်သည်။ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာပြီ ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ကို မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက် နံနက်မှစတင် ရုပ်သိမ်းခွင့်ပြုကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



