back

နေပြည်တော်အရှေ့ဖက် ရှန်ဂရီလာတိမ်ပင်လယ်ခရီးစဉ်ကြောင့် ကားအငှားလိုက်သူများ အဆင်ပြေဟုဆို။

Dec 26 • 2:05 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်အရှေ့ဖက် ရှန်ဂရီလာတိမ်ပင်လယ်ခရီးစဉ်ကြောင့် ကားအငှားလိုက်သူများ အဆင်ပြေဟုဆို။

နေပြည်တော်မှာ အငှားကားတွေက ဘုရားဖူးခရီစဉ်တွေ သိပ်မလိုက်ရဘူး၊အခုကနေပြည်တော်အရှေ့ဖက် ပေါင်းလောင်းရှန်ဂရီလာတိမ်ပင်လယ်ကိုသွားတဲ့သူ အရမ်းများတော့ အငှားကားလိုက်သူတွေ ...

နေပြည်တော်မှာ အငှားကားတွေက ဘုရားဖူးခရီစဉ်တွေ သိပ်မလိုက်ရဘူး၊အခုကနေပြည်တော်အရှေ့ဖက် ပေါင်းလောင်းရှန်ဂရီလာတိမ်ပင်လယ်ကိုသွားတဲ့သူ အရမ်းများတော့ အငှားကားလိုက်သူတွေ အဆင်ပြေနေပြန်ရောဟု ကားဆရာတစ်ဦးမှပြောသည်။နေပြည်တော်၊တပ်ကုန်း ကင်သာလမ်းမှ ပင်လောင်းမြို့ဖက်တက်သည့်ကားလမ်းတွင်ရှိသော ပေါင်းလောင်းရှန်ဂရီလာတိမ်ပင်လယ်သို့ နေပြည်တော်ဖက်မှ သွားလာသူအများဆုံးဖြစ်နေပြီး အစောပိုင်းအချိန်က စနေ။တနင်္ဂနွေရုံးပိတ်ရက်များတွင်သာသွားလာကြပြီး ဒီဇင်ဘာရုံးပိတ်ရက်၊ခရစ္စမတ်ရုံးပိတ်ရက်များတွင် နေ့စဉ်မိသားစုလိုက်၊ အပေါင်းအသင်းသူငယ်ချင်း အစုအဖွဲ့လိုက်၊ရုံးအဖွဲ့အစုလိုက်၊စုပေါင်းသွားရောက်ကျသဖြင့် အဌားကားများ၊လိုက်ထရစ်စသည်ဖြင့်ကားများ စုငှားသွားလာမှုများသဖြင့် အငှားကာလိုက်သူများ အဆင်ပြေကြောင်းသိရသည်။


news-view-count-icon

31