ရှမ်းပြည်နယ် တောင်ပိုင်းပင်လောင်းမြို့နယ် နောင်တရားနှင့် တီကျစ်သွားလမ်းပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၁) ရက်က လူငယ်တစ်စု နောင်တရားမှ တီကျစ်သို့အလည်သွားစဥ် အမည်မသိသူအဖွဲ့မှ တို့ ဆေးဖြင့် ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဆိုင်ကယ်လုခံရသူသည် နောင်တရားနေ အသက် (၁၆)နှစ်အရွက် ကျောင်းသားဖြစ်ကြောင်း သိရသည်။တို့ဆေးဖြင့် တို့ခံရသည့် လူငယ်သည် သတိလစ်ရာနေရာမှ သတိပြန်ရလာချိန်တွင် နောင်တရားနှင့်တီကျစ်ကြား ရွာလေး၌ရောက်နေသည်ကို သတိထားမိရာမှ မိဘဖြစ်သူထံ ဆက်သွယ်နိုင်ခဲ့ကြောင်း သိရသည်ထို့ကြောင့် ခရီးသွားလာသူများအနေဖြင့် ဆိုင်ကယ်ဖြင့် ခရီးသွားလျှင် သတိထားကာ အဖော်ဖြင့်သာ သွားလာရန်လိုကြောင်း ဒေသခံက သတိပေးပြောဆိုသည်။



