ထိုင်း - ကရင်နီ နယ်စပ်တနေရာမှာ ကျောင်း ၅ ကျောင်း စုပေါင်းပြီး ကျောင်းသားနှီးနှောဖလှယ်ခြင်း အစီအစဉ် ( student exchange) ကို ဒီဇင်ဘာလ ၂၂ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၃ ရက်တာ ပြုလုပ်ခဲ့ပါတယ်။နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ Karenni National College ၊ SehThehCollege ၊ Women Study Program ၊ Dee Ku Education Center ၊ Community Learning Center စတဲ့ အထက်တန်းလွန်ကျောင်း ၅ ကျောင်းကနေ စုပေါင်းပြုလုပ်သွားခဲ့တာပါ။Students Exchange မှာ ကျောင်းအလိုက် ဆောင်ရွက်ချက်တွေကို တင်ပြတာ ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကနေ အမှာစကားပြောကြားတာ၊ ကျောင်းသားများ အချင်းချင်းရင်းနှီးမှုရှိအောင် ဂိမ်းကစားခြင်း နဲ့ ဖျော်ဖြေရေး အစီအစဉ် ပြုလုပ်တာ ၊ Talent Show (စွမ်းရည်ပြိုင်ပွဲ) ၊ ဖက်ရှင်ရှိုး လျှောက်ခြင်း စတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ နှစ်တွေမှာ ပြုလုပ်တဲ့ ကျောင်းသားနှီးနှောဖလှယ်ခြင်း အစီအစဉ် (student exchange ) ကို ကျောင်း ၃ ကျောင်းသာ ပါ၀င်နိုင်ခဲ့ပြီး ယခုနှစ်မှာတော့ ကျောင်း ၅ ကျောင်း က ကျောင်းသူ/သားများ (၂၀၂) ဦးနှင့် ကျောင်းဆရာ/မ (၃၀)ဦး စုစုပေါင်း (၂၃၂) ဦး တက်ရောက်ပါဝင်ခဲ့ကြပါတယ်။
ထိုင်း - ကရင်နီ နယ်စပ်မှာ ကျောင်း ၅ ကျောင်း စုပေါင်းပြီး ကျောင်းသားနှီးနှောဖလှယ်ခြင်းအစီအစဉ် ( student exchange) ပြုလုပ်
Dec 26 • 4:55 AM
မြန်မာ
ကယား
မျှဝေမည်
| 28 | 0 | 0 | 0 |


