back

မြန်မာပြည်တွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာ ၆,၀၆၀ ကျပ်သို့ အနည်းငယ်မြင့်တက်

Dec 26 • 4:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာ ၆,၀၆၀ ကျပ်သို့ အနည်းငယ်မြင့်တက်

မြန်မာပြည်တွင်း ယခုတစ်ပတ် (ဒီဇင်ဘာ ၂၆ မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိ) အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆,၀၆၀ ကျပ် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ...

မြန်မာပြည်တွင်း ယခုတစ်ပတ် (ဒီဇင်ဘာ ၂၆ မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိ) အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆,၀၆၀ ကျပ် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ်က သတ်မှတ်ဈေး ၆,၀၅၀ ကျပ်ထက် ၁၀ ကျပ် မြင့်တက်လာခြင်းဖြစ်သော်လည်း အောက်တိုဘာလအတွင်းက ရှိခဲ့သည့် ၆,၅၈၅ ကျပ်နှင့် နှိုင်းယှဉ်ပါက နှစ်လအတွင်း ကျပ် ၅၀၀ ကျော်အထိ ပြန်လည်ကျဆင်းနေခြင်း ဖြစ်သည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပဈေးကွက်အခြေအနေပေါ် မူတည်၍ ဈေးနှုန်းများကို ထိန်းကျောင်းပေးလျက်ရှိပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိုလှောင်ဈေးကစားခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

news-view-count-icon

37