back

လာအိုအစိုးရမှ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် ထောက်ပံ့

Dec 26 • 4:44 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုအစိုးရမှ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် ထောက်ပံ့

လာအိုနိုင်ငံအစိုးရသည် စိုက်ပျိုးရေးစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြည်နယ် (၆) ခုရှိ အသေးစား ဆန်...

လာအိုနိုင်ငံအစိုးရသည် စိုက်ပျိုးရေးစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြည်နယ် (၆) ခုရှိ အသေးစား ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့ (၈၅) ဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်း ကို ခွဲဝေချထားပေးလိုက်သည်။ အဆိုပါ ထောက်ပံ့မှုတွင် ချန်ပါဆက် (Champasack)၊ ဆလဗန် (Salavan)၊ ဆေကောင်း (Sekong)၊ ဆာဗန်နာခတ် (Savannakhet)၊ ခမ်မွန်း (Khammouane) ပြည်နယ်များနှင့် ဗီယင်ကျန်းမြို့တော်တို့ ပါဝင်ပြီး ဒေသခံတောင်သူများ၏ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16