ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ကျောင်းသားလူငယ်များအကြား စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်သော အားကစားစိတ်ဓာတ်များ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့သော U-17 ခရစ္စမတ်အကြိုအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ကာဒူကျောင်းထိုင်ဆရာတော် ဦးစက္ကိန္ဒနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဦးစီးကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မိုးညှင်းမြို့ပေါ်ရှိ ကျောင်းသင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ထူးချွန်သည့် အသင်းများနှင့် အားကစားသမားများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 26 • 4:43 AM
မြန်မာ
ကချင်
မျှဝေမည်
| 26 | 0 | 0 | 0 |


