ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်ရှိ ဆီလီကွန်ဆီစက်ရုံတစ်ခုတွင် ဒီဇင်ဘာ ၂၂ ရက်က မြန်မာလုပ်သားတစ်ဦး ရေလှောင်ကန်အတွင်း ပြုတ်ကျသေဆုံးခဲ့မှုအတွက် မြန်မာအလုပ်သမားသံအရာရှိများက ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းအလုပ်သမားဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့သည်။ မြန်မာသံအရာရှိများသည် သေဆုံးသူ၏ မိသားစုဝင်များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး၊ လူမှုဖူလုံရေးခံစားခွင့်နှင့် ရသင့်ရထိုက်သည့် နစ်နာကြေးများ အမြန်ဆုံးရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဆီလီကွန်စက်ရုံ ရေလှောင်ကန်အတွင်း ရေနစ်သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရန် ဆောင်ရွက်လျက်ရှိ
Dec 26 • 4:42 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


