ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Solarie ဆိုသော ကြော်ငြာကုမ္ပဏီ၊ ၎င်း၏ ဥဣဌ Reika Kuroki (အင်ဖလူးအန်ဆာအဖြစ် Reika Miyazaki ဟူ၍လည်း လူသိများ) နှင့် လူနှစ်ဦးကို ကော်ပိုရိတ်အခွန်နှင့် အခြားအခွန်များ စုစုပေါင်း ၁၅၇ သန်းယန်း လိမ်လည်မူရှိသည်ဟု စွပ်စွဲခံထားပြီး တိုကျိုဒေသဆိုင်ရာ အခွန်အာဏာပိုင်များက တရားစွဲဆိုထားကြသည်။ Kuroki သည် Instagram တွင် ဖော်လိုဝါ ၅ သိန်းခန့်ရှိပြီး ကော်စမက်တစ်နှင့် အခြားထုတ်ကုန်များကို ကြော်ငြာလုပ်ပေးကာ Solarie မှ တဆင့် အခကြေးငွေ ရယူခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြထားသည်။



