back

ထိုင်းနိုင်ငံက ဟိန္နူရုပ်တုဖြိုခဲ့ခြင်းဟာ ဘာသာရေး မလေးမစားပြုခြင်း မဟုတ်ဟု ငြင်းဆန်ခဲ့

Dec 26 • 3:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက ဟိန္နူရုပ်တုဖြိုခဲ့ခြင်းဟာ ဘာသာရေး မလေးမစားပြုခြင်း မဟုတ်ဟု ငြင်းဆန်ခဲ့

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် စိုက်ထူထားသော ဟိန္ဒူရုပ်တုကို ထိုင်းက ဖြိုဖျက်ခဲ့ခြင်းကြောင့် အိန္ဒိယလူမျိုးများအပြင် ကမ္ဘောဒီးယားလူမျိုးများထံမှ ကန့်ကွက်မှုများ ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် စိုက်ထူထားသော ဟိန္ဒူရုပ်တုကို ထိုင်းက ဖြိုဖျက်ခဲ့ခြင်းကြောင့် အိန္ဒိယလူမျိုးများအပြင် ကမ္ဘောဒီးယားလူမျိုးများထံမှ ကန့်ကွက်မှုများ တိုးပွားလာနေချိန်တွင် ဘာသာရေးအရ မလေးမစားပြုမူခြင်းမဟုတ်ကြောင်း ထုတ်ပြန်သည်။ဥဘွန်ရတ်ချ်သာနီပြည်နယ်၊ ချုံအန်မာဒေသရှိ ကမ္ဘောဒီးယားနိုင်ငံမှ တည်ဆောက်ထားသော ရုပ်တုသည် မှတ်ပုံတင်ထားခြင်း မရှိဘဲ လုံခြုံရေးအကြောင်းပြချက်များကြောင့် ဖြိုဖျက်ခဲ့ကြောင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ရေးဌာနက ယနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။အဆိုပါလုပ်ဆောင်ချက်များသည် ဘာသာရေး၊ ယုံကြည်ချက် သို့မဟုတ် မည်သည့်ဘာသာရေးဆိုင်ရာ သင်္ကေတများကိုမဆို မလေးမစားပြုရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ကြောင်း ဆိုသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် ဗိဿနိုးနတ်ဘုရားရုပ်တုကို ဖြိုချရန် ဘတ်ဟိုးအသုံးပြုနေသည့် ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးနောက် အိန္ဒိယလူမျိုးများထံမှ မှတ်ချက်များ ထွက်ပေါ်လာခဲ့တာ ဖြစ်သည်။

news-view-count-icon

18