ပြည်တွင်းကြက်မွေးမြူရေးကဏ္ဍမှာ အသားတိုး ကြက်အရှင်စျေးက ယခုဒီဇင်ဘာလအထိ ဆက်တိုက်ကျဆင်းလာပြီး တစ်ပိဿာကို အများဆုံး ၅,၅၀၀ ကျပ်လောက်အထိ ထပ်ကျသွားတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီမှ သိရပါတယ်။" ကြက်အရှင်စျေးက ဆက်တိုက်ကျလာပြီး အခုတော့ အကျမှာ ရပ်နေတယ်။ ကြက်တွေ ရောဂါဝင်ပေမယ့် ကြက်ကြီးက စျေးကွက်ထဲ အဝင်များနေတော့ စျေးကျနေတာပါ " လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။အသားစျေးကွက်ထဲကို ကြက်ကြီးတွေ ဝင်ရောက်မှု များနေတဲ့အတွက် စျေးဆက်တိုက် ကျဆင်းနေတာဖြစ်ကြောင်း ၊ ကြက်အရှင်စျေး ကျဆင်းနေတဲ့ အတွက် မွေးမြူရေးသမားတွေမှာ အဆင်မပြေ ကြဘူးလို့လည်း သိရပါတယ်။ကြက်မွေးမြူရေး ခြံတွေမှာ ယခုအထိ ကြက်ငယ်တွေ ရောဂါဖြစ်ပွားမှု ရှိနေဆဲ ဖြစ်သလို မွေးမြူရေး အစာစျေးနှုန်းတွေကလည်း မြင့်တက်နေတာ ကြောင့် ယခုဖြစ်ပေါ်နေတဲ့ ကြက်အရှင်စျေးနှုန်းက တွက်ချေမကိုက်ဘူး လို့သိရပါတယ်။
Dec 26 • 3:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 48 | 0 | 0 | 0 |


