back

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် မူလတန်းကြိုကျောင်း၌ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကျင်းပ

Dec 26 • 3:01 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် မူလတန်းကြိုကျောင်း၌ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မ...

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုးပင်မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ သားငယ်၊ သမီးငယ်များ ပူးပေါင်း၍ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23