စင်ကာပူနိုင်ငံ၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ ပြေးဆွဲနေသော North-South Line (NSL) ရထားလမ်းပိုင်း၌ ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့ နံနက်ပိုင်းတွင် ရထားစက်ချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အလုပ်သွား၊ ကျောင်းသွား ခရီးသွားပြည်သူများ များစွာအခက်ကြုံခဲ့ရကြောင်း သိရှိရပါသည်။အဆိုပါ ရထားစက်ချို့ယွင်းမှုကြောင့် နံနက်ခင်း အလုပ်သွားချိန်တွင် အရေးတကြီးသွားလာနေကြရသည့် ခရီးသွားပြည်သူများမှာ ရထားဘူတာရုံများအတွင်း၌ ပိတ်မိနေခြင်း သို့မဟုတ် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ကြရပါသည်။ သက်ဆိုင်ရာ SMRT အာဏာပိုင်များက နံနက် ၇ နာရီ ၄၂ မိနစ်တွင် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ချက်အရ ခရီးစဉ်များ ပုံမှန်ထက် ပိုမိုကြာမြင့်နိုင်ကြောင်းနှင့် အဆင်မပြေဖြစ်ရသည့် နစ်နာသူ (Victim) များအတွက် အခမဲ့ ပုံမှန်ဘတ်စ်ကား ဝန်ဆောင်မှုများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။
Dec 26 • 2:59 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


