မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်တွင် အောင်မြင့် မောင်းနှင်ပြီး ဝင်းမြိုင် လိုက်ပါလာသော TOYOTA LANDCRUISER မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)အား ဖမ်းဆီးရမိခဲ့ပါသည်။၎င်းအား ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား ဖယ်ခုံမြို့နယ်နေ ကျော်ဦး(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
Dec 26 • 2:03 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


