back

ရှမ်းပြည်၊ လွိုင်လင်မြို့နယ်တွင် ပထမအကြိမ်အဖြစ် ဘိန်းစိုက်ခင်း ဧက ၁,၇၀၀ နီးပါးကို ဖျက်ဆီး

Dec 26 • 2:03 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်၊ လွိုင်လင်မြို့နယ်တွင် ပထမအကြိမ်အဖြစ် ဘိန်းစိုက်ခင်း ဧက ၁,၇၀၀ နီးပါးကို ဖျက်ဆီး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်းရှိ မိုင်းပွန်နှင့် ပင်လုံမြို့တို့၏ အနီးဝန်းကျင် တောင်စောင်း၊ လျှိုမြောင်များတွင် စိုက်ပျိုးထားသည့် ဘိန်းစို...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်းရှိ မိုင်းပွန်နှင့် ပင်လုံမြို့တို့၏ အနီးဝန်းကျင် တောင်စောင်း၊ လျှိုမြောင်များတွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၁,၆၉၉) ဧက ကို ဒီဇင်ဘာ ၉ ရက်မှ ၂၄ ရက်အတွင်း ပထမအကြိမ်အဖြစ် ဖျက်ဆီးနိုင်ခဲ့သည်။ လွိုင်လင်တပ်နယ်မှူး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့နှစ်ဖွဲ့သည် အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းများကို ကွင်းဆင်းဖျက်ဆီးခဲ့ခြင်းဖြစ်ကာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

32